နေပြည်တော် ၅  ဇွန်လ () ရက်


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မကွေးရုံးခွဲ)၏ ကြီးကြပ်မှု၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(မကွေးဇုန်)၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် ပဉ္စမအကြိမ်မြောက် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃) မျိုး ဖွင့်ပွဲအခမ်းအနားကို ဇွန် ၃ ရက် နံနက်ပိုင်းတွင် မကွေးမြို့၊ နန်းထိုက်သူ ဟိုတယ်၌ ကျင်းပခဲ့သည်။


အဆိုပါ သင်တန်းဖွင့်ပွဲကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မကွေးရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်း ရှင်များအသင်း (မကွေးဇုန်) ဥက္ကဋ္ဌ ဦးစံထွေးနှင့် တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မကွေးရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်နှင့် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်း (မကွေးဇုန်) ဥက္ကဋ္ဌ ဦးစံထွေးတို့က သင်တန်းဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြပါသည်။


အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုးကို (၃-၆-၂၀၁၉ မှ ၂၈-၆-၂၀၁၉) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီးအတွင်း ဟိုတယ်/မိုတယ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ပြင်ပမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၈၉)ဦး တက်ရောက် သင်ကြားလျက်ရှိပါကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ 


MDN