ရွှေကူ ၅ ဇွန် 

၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် ရွှေကူမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်က အမှတ်(၂) ရပ်ကွက်၊ ရန်ကြီးအောင်ရပ်၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းဇော်ဦးက မြိူ့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီဝင်များထံ ပျိုးပင်များကို ပေးအပ်ပြီး စုပေါင်းစိုက်ပျိုးကြသည်။

 

mdn

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် အော်ရေးရှားပျိုးပင် (၁၀ဝ)၊ ယင်းမာပျိုးပင် (၁၀ဝ)၊ မယ်ဇလီပျိုးပင် (၁၀ဝ)၊ ကျွန်းပင် (၅၀)၊ ပိတောက် (၂၅)ပင်နှင့် ပျဉ်းကတိုး (၂၅)ပင်၊ ပျိုးပင်စုစုပေါင်း (၄၀ဝ)ကို ပျော်ပျော်ပါးပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကျော်စိုးနိုင်(ရွှေကူ)