မင်းပြား ၅ ဇွန်
မင်းပြားမြို့နယ် ပြည်သူလူထုအတွင်း “သံကောင်ရောဂါကာကွယ်ရေး ၊ သန့်ရှင်းမှုကိုအလေးပေး” ပတ်ဝန်းကျင် သန့်ရှင်းရေး အသိပညာပေးလူထုလှုပ်ရှားမှုဖွင့်ပွဲ အသိပညာပေး ဆွေးနွေးပွဲကို ဇွန် ၅ ရက် နံနက် ၉ နာရီက ကျန်းမာရေးဦးစီးဌာန၊ မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်က ပြည်သူလူထုကျန်းမာကြံ့ခိုင်ရေးအတွက် လက်သန့်ရှင်းရေး၊ အိမ်သာသန့်ရှင်းရေး၊ ရေသန့်ရှင်းရေး၊ အစာသန့်ရှင်းရေးစသော သန့်လေးသန့်ကို လိုက်နာကြရန် မှာကြားသည်။ ဆက်လက်ပြီး မင်းပြားမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစောမြထွန်းက အိမ်သာသုံးစွဲနည်း၊ ရေချိုခရုမှတဆင့် ကူစက်တတ်သော သန်ပြား ကောင်ရောဂါ၏ လက္ခဏာများ၊ ကာကွယ်ကုသရေးဆိုင်ရာများအား ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသူများက သံကောင်ရောဂါကာကွယ်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေကောင်းရေသန့် ရရှိရေးအတွက် အပြန်အလှန် ဆွေးနွေးကြပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနက မိသားစုတိုင်း ကျန်းမာဖို့ သန့်လေးသန့်ကို လိုက်နာစို့ “ဦးထုတ်နှင့်တီရှပ်များ”ကို လက်ဆောင်ပေးအပ်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN