ပူတာအို   ၅ ဇွန်

ကချင်ပြည်နယ် ပူတာအိုမြို့တွင်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နည်းပညာ၊ သက်မွေးပညာနှင်လေ့ကျင့်ရေးဦးစီးဌာနက အခြေခံကွန်ပျူတာသင်တန်း၊ အိမ်တွင်းဝါယာသွယ်တန်းခြင်း သင်တန်းနှင့် သံဂဟေဆက်သင်တန်းများကို ဇွန်လ(၁၀)ရက်နေမှ၍ အစိုးရ စက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ်သင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အနေဖြင့်ပူတာအိုဒေသခံပြည်သူများအတွက် သက်မွေးဝမ်းကျောင်းပညာ(ကာလတို) သင်တန်းများကို စဉ်ဆက်မပြတ် သင်ကြားပေးလျက်ရှိပြီး ဒေသခံများ  ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရေးနှင့် အိမ်တွင်း ဝါယာသွယ်တန်းခြင်းအတတ်ပညာ၊ သံဂဟေဆက်အတတ်ပညာများဖြင့် သက်မွေးဝမ်းကြောင်း ပြုနိုင်စေရန်ရည်ရွယ်ကြောင်း၊ သင်တန်သားများ ပိုမိုစိတ်ပါဝင်စားစေရန်အတွက် လက်တွေ့သင်ကြားချိန်များများထည့်သွင်း ပို့ချပေးသွားမည် ဖြစ်ကြောင်းအစိုးရ နည်းပညာအထက်ကျောင်း ကျောင်းအုပ်ဆရာကြီး ထံမှ သိရသည်။

 

mdn

 

"ဒီအစိုးရသစ်လက်ထက် (၃)နှစ်တာကာလမှာ ကျောင်းကမွေးထုတ်ပေးလိုက်တဲ့ သင်တန်း သားဦးရေ(၅၀၂)ဦးရှိပြီဖြစ်ပါတယ်။ အခုဆိုရင်ဒီသင်တန်းသားတွေဟာ လျှပ်စစ်လုပ်သားတွေ၊ ကုမ္ပဏီတွေ၊ ဖုန်းလိုင်းဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတွေလုပ်ကိုင်နေကြလို့ ပူတာအိုဒေသအတွက် လူ့စွမ်းအားအရင်းအမြစ်မျာစွာ ဖြစ်ထွန်းစေတယ်။ သင်တန်းဆင်းပြီးရင် သင်တန်းဆင်းလက်မှတ်တွေပေးပြီး တတ်ထားတဲ့ပညာတွေ ပြန်အသုံးချနိုင်အောင်ကုမ္ပဏီတွေလုပ်ငန်ရှင်တွေနဲ့ ချိတ်ဆက်လမ်းညွှန်ပေးတာတွေ လုပ်ပေးပါတယ်။ သင်ကြားမှုပိုမိုထိရောက်ဖို့ သင်တန်းသားကန့်သတ်ပြီး အခမဲ့သင်းကြားသွားမှာဖြစ်တယ် "ဟု ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်ကပြောကြားသည်။

အဆိုပါသင်တန်းများကို ဇွန်လ(၁၀)ရက်မှ ဇူလိုင်လ(၅)ရက်အထိနာရီ (၆၀)ကြာသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းအားလုံးအတွက် သင်တန်းသား (၇၀)ဦးသာ လက်ခံသွားမည်ဖြစ်ကာ ဌာနဆိုင်ရာဝန်ထမ်းများ နှင့်ရပ်ကွက်/ကျေးရွာအုပ်စုမှ တက်ရောက်လိုသူများ သင်တန်းရက်မတိုင်မီ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ဆန်းညွန့်(ပူတာအို)