၅ ဇွန်
ဂျပန် အာဏာပိုင်များက ပင်လယ်ပြင်၌ တရားမဝင် စိတ်ကြွမူးယစ်ဆေးဝါးများ သိုဝှက်ထားသည့် မသင်္ကာဖွယ်ရာ သင်္ဘောတစ်စင်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တိုကျိုရဲတပ်ဖွဲ့တာဝန်ရှိသူများက ဂျပန်နိုင်ငံ အရှေ့-အလယ်ပိုင်း ချီဇူအိုကာ စီရင်စု၏ ကမ်းလွန် ရေယာဉ်တစ်စီးပေါ်တွင် ယမန်နေ့ညပိုင်းက မူးယစ်ဆေးဝါး ၁၀ဝ၀ ကီလိုဂရမ် နီးပါး တွေ့ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ မှောင်ခိုပေါက်ဈေးမှာ ဒေါ်လာ ၅၅၅ သန်းခန့်ရှိကြောင်း ထိုအာဏာပိုင်များက ဆိုသည်။
အကျိုးအမြတ်ရရှိရန် ရည်ရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးများ လက်ဝယ်ရှိသူ တရုတ်နိုင်ငံသား ခုနစ်ဦးကို ဂျပန်အာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။
ဂျပန်အာဏာပိုင်များက ထိုဖမ်းဆီးရမိသူများသည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး မှောင်ခိုတင်သွင်းမှုများ နှင့် ဂျပန်နိုင်ငံသား ပြစ်မှုကျူးလွန်သည့် အဖွဲ့တို့ ဖြင့် အဆက်အသွယ် ရှိနိုင်သည်ဟု ယူဆကြသည်။
ယင်းမှောင်ခိုပေါက်ဈေး အလွန်မြင့်မားသော ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဟောင်ကောင်မှ ဂျပန်နိုင်ငံသို့ မှောင်ခိုတင်သွင်းဖွယ် ဖြစ်နိုင်ကြောင်း ၎င်းစုံစမ်းစစ်ဆေးသူများက ဆိုသည်။
ယင်းဖမ်းဆီးရမိသူများက ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ကြောင်း တိုကျိုရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို