နေပြည်တော် ၅ ဇွန် 

    

 

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျီနီဗာမြို့အခြေစိုက် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ ဗဟိုဌာန (Centre for Civil and Political Rights-CCPR) တို့ပူးပေါင်း၍ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ် (International Covenant on Civil and Political Rights-ICCPR) နှင့် စပ်လျဉ်းသည့် အသိပညာမြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ကျင်းပသည်။ 
    

fewef

 

ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက အဖွင့်စကားပြောကြားသည်။
    

 

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။ 
    

 

ခိုင်မာသည့် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုအဖြစ် နိုင်ငံတကာမှ လက်ခံထားသည့် ICCPR စာချုပ်သို့ ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေးအတွက် နိုင်ငံရေးဆန္ဒရှိကြောင်း ပိုမိုပြသနိုင်မည်ဖြစ်ကြောင်း ICCPR သို့ လက်မှတ်ရေးထိုးခြင်းမပြုမီ စာချုပ်ပါပြဋ္ဌာန်းချက်များကို ကောင်းစွာ သိရှိနားလည်နိုင်ပြီး စာချုပ်ကို အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများကို လေ့လာဖော်ထုတ်၍ စနစ်တကျဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်