နေပြည်တော် ၅ ဇွန်

အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် နိုင်ငံ့အမွေအနှစ် မှတ်တမ်း၊ မော်ကွန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၌ ဇွန် ၈ ရက်မှ ၉ ရက်အထိ စနေနေ့၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်