၆ ဇွန်

 

Nations League ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ပေါ်တူဂီအသင်းနှင့် ဆွတ်ဇာလန်အသင်းတို့ ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီအသင်းက စီရော်နယ်ဒို၏ ဟက်ထရစ် သွင်းဂိုးဖြင့် ဆွတ်ဇာလန်အသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက် နိုင်ခဲ့သည်။ 

 

ပေါ်တူဂီအသင်းသည် ပထမပိုင်း ပွဲချိန် ၂၅ မိနစ်တွင် တိုက်စစ်မှူး စီရော်နယ်ဒို၏ ဖရီးကစ်မှ သွင်းယူခဲ့သည့် သွင်းဂိုးဖြင့် ဦးဆောင်ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်တွင် ဆွတ်ဇာလန်အသင်းမှ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။ 

 

ပေါ်တူဂီအသင်းအတွက် အဖိုးတန်သွင်းဂိုးများကို ပွဲချိန် ၈၈ မိနစ်နှင့် မိနစ် ၉၀ တို့တွင် စီရော်နယ်ဒိုမှ ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် ပေါ်တူဂီအသင်း ဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်ခဲ့သည်။

 

ပေါ်တူဂီအသင်းသည် ဇွန်လ ၇ ရက်တွင် ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် နယ်သာလန်အသင်းနှင့် အင်္ဂလန်အသင်းတို့ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

MDN