အိမ်မဲ ၆  ဇွန်

 


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ကျုံခရီပိုင်းကျေးရွာတွင် သွေးလွန်တုပ်ကွေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောပြီး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကိုဇွန်လ ၅ ရက်မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

dfdef4


အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးကျော်အောင် နှင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက အိမ်မဲမြို့နယ်အတွင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေသဖြင့် သွေးလွန်တုပ်ကွေး ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန် အချက်အလက်များကို အကျယ်တဝင့်ဟောပြောပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက အဆိုပါကျေးရွာအတွင်းလှည့်လည်၍ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ကြရန်နှင့် အဘိတ် ဆေးများခတ်ပေးခြင်း ခြင်းဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 


ချစ်သက်လယ်(အိမ်မဲ)

 

dfsg567


 

;0p