၆ ဇွန်

 

ထိုင်းလွှတ်တော်က ကြားဖြတ်အစိုးရကိုဦးဆောင်ခဲ့သည့် တပ်မတော်အကြီးကဲဟောင်းဖြစ်သူ ပရာယွတ်ချန်အို ချာကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြောက်ခဲ့ကြောင်း သိရသည်။

 

ုကျ

 

မတ်လအတွင်း ကျင်းပခဲ့သည့် အောက်လွှတ်တော်ရွေးကောက်ပွဲတွင်  ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် နှင့်ပတ်သက်မှုရှိသည့် ဖွေ့ထိုင်းပါတီက လွှတ်တော်အမတ်နေရာ အမျာစုကို အနိုင်ရရှိခဲ့သည်။ အဆိုပါ တပ်မတော်လိုလားသည့် ပလန်ပရာချာရတ် ပါတီက ဒုတိယနေရာ ရရှိခဲ့သည်။

 

ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် အောက်လွှတ်အမတ် ၄၉၇ ဦးနှင့်  တပ်မတော်က ရွေးချယ်ခဲ့သည့် အထက်လွှတ်တော် အမတ် ၂၅၀ ဦးတို့က မဲပေးခဲ့ကြသည်။ 

 

့ါ

 

သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူများပါတီ နှင့် အခြားသူများက ကျောထောက်နောက်ခံပြုသည့် သာနာသွန်း ဂျွမ်ဂရွန်ဂရောင်ကစ်ကို ကျော်ဖြတ်ပြီး ပရာယွတ်က ၇၀ ရာခိုင်နှုန်းနီးပါး မဲအသာဖြင့် အနိုင်ရရှိခဲ့သည်။

 

ထိုင်းနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းယူထားပြီးနောက် ၅နှစ်အကြာ ယခုလအတွင်း အစိုးရသစ်ကို ဖွဲ့စည်းဖွယ်ရှိသည်။

 

သို့သော်လည်း စစ်တပ်အနေဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအား သြဇာအာဏာလွမ်းမိုးရန် ကြိုးပမ်းအုံးမည်ဟု မျှော်လင့်ရသည်။


 
ထိုင်းအာဏာရညွှန့်ပေါင်းပါတီ ၁၉ပါတီ နှင့် အောက်လွှတ်တော်အမတ်များ အများစုပါဝင်သည့် ညွန့်ပေါင်းအစိုး ရအဖွဲ့ကို ပရာယွတ်အနေဖြင့် သတိထားကိုင်တွယ်ရမည်ဖြစ်ကြောင်း လေ့လာသူများက ပြောကြားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်