မော်လမြိုင် ၆ ဇွန်    

 

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာများမှ e- Government လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် e- Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

 

kfje;

 

အစည်းအဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဖွင့်အမှာစကားပြောကြားရာတွင် e- Government ဦးဆောင်ကော်မတီ၏ နာယကဖြစ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က e- Government စနစ် အလျင်အမြန်တိုးတက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကြသည့် အချက် (၃) ချက်ဖြစ်သည့် ကျွမ်းကျင်မှု၊ ရင်းနှီးမြှုပ်နှံ မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ လုပ်ဆောင်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါ အဓိကကျ သည့် အချက် (၃) ချက်တွင် ပူးပေါင်းဆောင်ရွက်မှုအပိုင်းကို စတင်လုပ်ဆောင်ကြရန်နှင့် အစိုးရဌာန အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း လမ်းညွှန်ခဲ့မှုအပေါ် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။

 

မိမိတို့မွန်ပြည်နယ်အနေဖြင့် e- Government လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားတိုင်း ဒေသကြီး၊ ပြည်နယ်များထက် နောက်ကျမကျန်ရစေရန် ထိရောက်အကျိုးရှိသည့် စီမံချက် (Plan) များ ရေးဆွဲဆောင်ရွက်ကြရန်လိုကြောင်း၊ မြန်မာယူနီကုဒ်နှင့် ပတ်သက်၍ International Standard ဖြစ်စေရေးအတွက် မြန်မာဖောင့်များ တစ်ပြေးညီတူညီရန် လိုအပ်သည့် ကွန်ပျူတာသုံး မြန်မာစာ စံစနစ် (Pyidaungsu Fonts) အား (၁- ၄- ၂၀၁၉) ရက်နေ့မှ စတင်၍ တစ်ပြေးညီသုံးစွဲနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နည်းပညာစိန်ခေါ်မှုမရှိစေရေး ကွန်ပျူတာနှင့် ဆက်စပ်နည်းပညာပစ္စည်းများအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် e- Government အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် သက်ဆိုင်ရာ ကွန်ပျူတာတက္ကသိုလ်များတွင် အခြေခံကွန်ပျူတာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အနေဖြင့် သင်တန်းများ ပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော်နှင့် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး တို့က  e- Government လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြခဲ့ကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။ 

 

MDN