ညောင်ဦး ၆ ဇွန်လ 

 

မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသတွင် Smoke Free Area များ သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

 

jifkpe

 

အခမ်းအနားတွင် ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က သတ်မှတ်ချက်များနှင့် စံနှုန်းပြည့်မီသည့် Smoke Free Area များ ပုဂံ-ညောင်ဦးရှေးဟောင်ယဉ်ကျေးမှုဒေသတွင် အကောင်အထည်ဖော်နိုင်ရေးအတွက် နယ်ပယ်ကဏ္ဍအသီးသီးမှ ဆေးလိပ်ငွေ့ကင်းစင်ဒေသများ တည်ထောင်ရေးသင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသားများ၊ စေတနာ့ဝန်ထမ်းများနှင့် ကြီးကြပ်သူဌာနဆိုင်ရာများအနေဖြင့် ယခုအနေအထားထက်ပို၍ အားစိုက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သင်တန်းသားများ၊ ကြီးကြပ်သူများမှ လုပ်ငန်းဆက်လက်ဆောင်ရွက်ရေး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းရှိ ဆေးလိပ်ငွေ့ကင်းစင်ရေးရပ်ဝန်းအဖြစ် သတ်မှတ်မည့် နေရာများနှင့်ပတ်သက်၍  အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 

အခမ်းအနားသို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်၊ ပုဂံရှေးဟောင်းသုတေသနပြတိုက် ဒုတိယညွှန်ကြားရေးမှူးဦးညီမွန်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂံညောင်ဦးဒေသဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများစုစုပေါင်း ၄၇ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

 


ဖေလိန်း(ပုဂံ)