မုံရွာ ၆  ဇွန် 
    

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် မေလ အတွင်း အပူရှိန်မြင့်တက်မှုကြောင့် သောက်သုံးရေရှားပါးသဖြင့် ရေကားအစီးရေ(၁၈၀)ကို ပေးပို့ ထောက်ပံ့ပေးခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့်၏ ပြောကြားချက်အရ သိရသည်။

 

mdn


    

သောက်သုံးရေရှားပါးသည့် ရပ်ကွက်ကျေးရွာများသို့ သောက်သုံးရေးဖြန့်ဝေပေးရန်အတွက် စစ်ကိုင်းတိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ ဦးဆောင်ပြီး ရေကားပိုင်ရှင် များ၊ လူမှုကူညီရေးအသင်းများ ပူးပေါင်းပြီး လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
  

“ အခုရေရှားမှုဖြစ်တဲ့ နေရာတွေက အရင်နှစ်ဆို တစ်ခေါက်နှစ်ခေါက်လောက်သာ  ထောက်ပံ့ပေးရတဲ့ နေရာတွေမှာ အခုနှစ်မှာတော့ ရေကားရာချီပြီးပို့ခဲ့ရတယ်၊ ရာသီဥတုအပူရှိန်မြင့်တယ်၊ မြစ်ချောင်းတွေ စီးဆင်းမှု ပုံစံပြောင်းလဲလာတဲ့အတွက် မြေအောက်ရေခမ်းခြောက်တယ်လို့ ပြောရမယ်၊ မြေအောက်ရေတွေ ခမ်းလာတဲ့အတွက် အခုလိုရေရှားပါးလာတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးစဝီလီဖရန့်က ပြောသည်။

 

mdn


    

ရေကားဖြန့်ဝေပေးမှုအနေဖြင့် ကလေးမြို့ပေါ်ရပ်ကွက်ဖြစ်သော  တာဟန်းရပ်ကွက်သို့ ရေကား (၃၇)ခေါက်၊ တောင်ဖီလာရပ်ကွက် သို့(၁၂)ခေါက်၊ တောင်ဇလပ်ရပ်ကွက်သို့ (၃၇) ခေါက်၊ ကံသာယာကျေးရွာသို့ (၃) ခေါက်၊ မော်လိုက်ကလေး(တ)ကျေးရွာသို့ ရေကား (၁၀)ခေါက် ၊ ရာဇဂြိုလ်ကျေးရွာသို့ ရေကား(၁၇)ခေါက်၊ အင်ဒိုင်းကုန်း ကျေးရွာသို့ ရေကား(၇) ခေါက်၊ နန်းစောင်းပုကျေးရွာသို့ရေကား (၅)ခေါက်၊ ကျောက္ကာကျေးရွာသို့ ရေကား(၁၂) ခေါက် နန်းဟန်နွဲ့ကျေးရွာသို့ ရေကား (၅)ခေါက်၊ ရန်မျိုးအောင်(ကံအောင်)ကျေးရွာသို့ ရေကား(၁၂) ခေါက်၊ စက္ကန့်ကျေးရွာသို့ ရေကား (၂၃) ခေါက်၊ စုစုပေါင်း (၁၈၀) ခေါက်တို့အား မေလအတွင်းက ထောက်ပံ့ပေးခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)