သံတောင် ၆ ဇွန် 
         

ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ်အတွင်းရှိ  ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော  အသက်(၂)နှစ်အောက် ကလေးငယ်များအား  ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို  ယနေ့မွန်းတည့်(၁၂)နာရီက  သံတောင်မြို့  ပသိခန်းမအတွင်း၌ ကျင်းပပြု လုပ်သည်။

 

mdn

       

ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင်  ကရင်ပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး  ကရင်ပြည်နယ်  လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးကိုယ်စား  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမူက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား  ထောက်ပံ့ငွေပေးအပ်ရခြင်း၏ လုပ်ငန်းစဉ်အကြောင်းများကို အသေးစိတ် ရှင်းလင်းပြောကြားသည်။

   

ထို့နောက်  ကရင်ပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ သံတောင်ကြီးမြို့နယ်အတွင်းရှိ  ကိုယ်ဝန်ဆောင်မိခင်  (၁၁၃၉)ဦး၊ ကလေး(၆၆၁)ဦး၊ စုစုပေါင်း (၁၈၀ဝ) အတွက်  ထောက်ပံ့ငွေကျပ် ၇၄၃၇၀ဝ၀ဝ အား  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်ထံ ပေးအပ်သည်။

     

 ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်မှ  သံတောင်ကြီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များကိုလည်းကောင်း  မြို့နယ်အုပ်ချုပ်ရေးမှူးမှ  အသက်(၂)နှစ်အောက် ကလေးများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ငွေများ ပေးအပ်သွားခဲ့ကြောင်း     မြို့နယ်(ပြန်/ဆက်)မှ  သိရသည်။

 

MDN