ဝေါ   ၆  ဇွန်  

 

အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေကြသော ကျောင်းသား/သူများသွားနှင့် ပတ်သက်သော ဝေဒနာများ ကင်းဝေးစေရန်အတွက် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)မှ ဒေါက်တာအောင်မွန်ဦး ခေါင်းဆောင်သော ကွင်းဆင်းကုသရေးအဖွဲ့သည် ဇွန်လ၆ရက်နေ့က ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်အတွင်းရှိ အထကကျောင်းသုံးကျောင်း၌ သွားကျန်းမာရေးစောင်ရှောက်မူနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။

 

ကွင်းဆင်းကုသရေးအဖွဲ့သည် ရှေးဦးစွာ ဝေါမြို့နယ် အထက ညောင်ခါးရှည်၌ ကျောင်းသား ကျောင်းသူများအား သွားနှင့်ပတ်သက်သော ရောဂါများအား စမ်းသပ်ကုသပေးပြီး လက်တွေ့ သွားသန့်ရှင်း ရေးဆောင်ရွက်ပုံ အဆင့်ဆင့်ကို သရုပ်ပြသပြီး သွားနှင့်ပတ်သက်လိုက်နာရမည့် အချက်များ၊ ကာကွယ်ရေး နည်းလမ်းများကို အကျယ်တဝင့် ဟောပြောခဲ့ကြသည်။

 

ဆက်လက်၌ ကွင်းဆင်းကုသရေးအဖွဲ့သည် ဝေါမြို့နယ် အထက ရွာလယ်ကျောင်းနှင့် ရွာပြင်အထကတို့၌လည်း သွားဘက်ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ပေးခဲ့သည့်အပြင် သွားကျန်းမာရေးဆိုင်ရာများကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြသည်။ 

 

အဆိုပါ အဖွဲ့တွင် ဆရာဝန်သုံးဦးနှင့် ဆေးကျောင်းသား ကျောင်းသူ(၁၆)ဦး စုစုပေါင်း(၁၉)ဦးတိုဖြင့် ဆောင် ရွက်ကြရာ ကုသရေးပညာပေးရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် အထကကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သိန်းနှင့် ဆရာဆရာမများ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပြေဝင်း၊ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဘုန်းဇော်မိုးဥဿာနှင့် ကျေးလက်ကျန်းမာရေးဋ္ဌာနမှ ကျန်းမာရေးဝန်ထမ်များ ရပ်မိရပ်ဖများ တတ်ရောက်ကူညီအားပေးခဲ့ကြကြောင်း သိရသည်။   

 

နေလင်း(ညောင်လေးပင်)