နေပြည်တော်  ၆  ဇွန် 
    

မောင်တောမြို့နယ်၊  နယ်မြေ(၃)၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ကျီးကျွန်း ရဲကင်းစခန်းမှ ရဲအုပ် မြတ်ဇော်ဦး ဦးစီးတပ်ဖွဲ့ဝင်များသည် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ် (ဝ၀၂)ပါ ၂ စီး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Whykong BOP ကင်းစခန်းမှ Subedar Md, Najrul Islam ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် ၂ စီး၊ စုစုပေါင်း ၄ စီး တို့သည် နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ် ပြူးမချောင်းဝအနီး ရေမိုင်အမှတ်(၁၅) မှ သဲချောင်းချောင်းဝထိပ် ရေမိုင်အမှတ်(၁၈)အနီးထိ နတ်မြစ်ကြောင်း အတိုင်း နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်ကင်း လှည့်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၂)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။ 


MDN