နေပြည်တော် ၆ ဇွန်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဝင်းဆွေ၊ မော်လမြိုင်ကျွန်းမဲ ဆန္ဒနယ်၏ မိတ်ဆွေ (၂)ဦး၊ ဦးကျော်စိုးလင်း၊ ပြည်ကြီးတံခွန်မဲဆန္ဒနယ်၏ မိတ်ဆွေ (၄)ဦးနှင့် ရတနာပုံတက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးမြင့်ဦး ဦးဆောင်သည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ (၁၀၁)ဦး၊ စုစုပေါင်း(၁၀၇) ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိုင်း၊ ဘိုကလေးမဲဆန္ဒနယ်၏ မိတ်ဆွေ (၆) ဦးတို့သည်လည်း လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၅၁၄၃၈ ဦးနှင့် ပြည်ပဧည့်သည် ၂၁၇၄ ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)