နေပြည်တော် ၆ ဇွန်
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲ အခမ်းအနားကို ဇွန် ၁၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသည် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းတည်ထောင်ထားမှုအခြေအနေများ၊ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်များကို အများပြည်သူများအား အသိပေးရှင်း လင်းသွားရန်ဖြစ်ကြောင်း သိရသည်။
မောင်လူမော်


