နေပြည်တော်  ၆  ဇွန် 
    

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် တို့သည် GE International Inc. အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
    

တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ GE International Inc. အဖွဲ့၏ ဆောင်ရွက်နေမှုများ၊ လျှပ်စစ်ထုတ်လုပ်ရာတွင် စွမ်းအင်ပေါင်းစပ်ပါဝင်မှု အမျိုးအစားများကို ငွေကြေးကုန်ကျစရိတ် အသက်သာဆုံးဖြင့် ထုတ်လုပ်နိုင်မည့်ပုံစံ၊ ကျောက်မီးသွေးကို အဓိကအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချနိုင်မည့်နည်းပညာများ၊ မြန်မာနိုင်ငံလျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ထပ်မံပေးအပ်သွားမည့် အကူအညီများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြပြီး ကော်မတီမှ တာဝန်ရှိသူများမှ မေးမြန်း ဆွေးနွေးမှုများအပေါ် (GE) အဖွဲ့မှ ပြန်လည် ရှင်းလင်းဖြေကြားသည်။
    

(သတင်းစဉ်)