၆ ဇွန်
အမေရိကန် -တရုတ် ကုန်သွယ်ရေးစစ်ကြောင့် အမေရိကန် လယ်သမားအများစု မသက်မသာဖြစ်နေပေမယ့် ကြက်သွန်ဖြူနဲ့ ပျားရည်ထုတ်လုပ်သူတွေကတော့ အခွန်တိုးကောက်တာကို ကြိုဆိုကြပါတယ်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက ကြက်သွန်ဖြူထုတ်တဲ့ ခရစ်တိုဖာ ရန့်ချ် ကုမ္ပဏီ က ကန် ခရစ်တိုဖာကတော့ ကယ်လီဖိုးနီးယားအတွက် အကောင်းဆုံးဖြစ်တော့မယ်။ ၁၉၉၀ ပြည့်နှစ်များဆီက ကယ်လီဖိုးနီးယားမှာစီးပွားဖြစ် ကြက်သွန်ဖြူစိုက်သူပေါင်း ၁၂ ဦးရှိခဲ့ပေမယ့် အခုချိန်မှာ ၃ ဦးသာ ကျန်ခဲ့ခြင်းက တရုတ်ကြက်သွန်ဖြူတွေဟာ တရားမဝင်ရောက်လာတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံကနေ ကြက်သွန် အလေးချိန် ပေါင် ၃၀ ပါ သေတ္တာတစ်လုံးကို ၁၀ ဒေါ်လာ နဲ့ ရောင်းချနေရာ ထရန့်ရဲ့ အခွန်တိုးကောက်မှုကြောင့် မေလ ၁၀ ရက်မှာ တစ်သေတ္တာကို ၂၅ ဒေါ်လာ ရှိလာပြီး အခုနောက်ဆုံး ထရန့်ရဲ့ အခွန်တိုးကောက်မှုကြောင့် တရုတ်ကြက်သွန်ဖြူ တစ်သေတ္တာဟာ ၄၅ ဒေါ်လာ အထိ ဈေးတက်လာပါတယ်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတွင် စိုက်ပျိုးသော ကြက်သွန်ဖြူ တစ်သေတ္တာဟာ အမေရိကန် ဒေါ်လာ ၅၀ ကနေ ၆၀ အထိ ဈေးကွက်မှာ ပေါက်ဈေးရှိပါတယ်။ အခုလိုတရုတ်ကြက်သွန်ဖြူပေါ် အခွန်တိုးကောက်လိုက် တဲ့အတွက် သူတို့မိသားစုပိုင် ကြက်သွန်ဖြူထုတ်လုပ်ရေးမှာ တော်တော်လေး ထွက်ပေါက်ရလာတယ်လို့ ပြောနိုင်ပါတယ်လို့ ခရစ်တိုဖာက ပြောပါတယ်။ ခရစ်တိုဖာရန့်ချ် ကုမ္ပဏီမှာ အချိန်ပြည့် လုပ်သား ၁၁၀ဝ လောက် အလုပ်လုပ်နေတယ်လို့ သိရပါတယ်။

အလာတူး ပျားရည်ထုတ်လုပ်ရေးမှာ အမေရိကန်နိုင်ငံထုတ် ပျားရည်လုပ်ငန်းကို အနှစ် ၃၀လောက် တရုတ်ပျားရည်က ဈေးဖျက်ခဲ့တဲ့လို့ ပြောပါတယ်။ ပျားရည်တစ်ပေါင် ကို အမေရိကန်ဒေါ်လာ ၁.၇၅ ကနေ ၁.၈၅ ဈေးရှိရာ တရုတ်ပျားရည်က တစ်ပေါင်ကို အမေရိကန် တစ်ဒေါ်လာ အောက်ပဲပေးရတဲ့အတွက် အမေရိကန်ပျားရည်ထုတ်လုပ်ရေးဟာ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့ မဖြစ်ခဲ့ဘူးလို့ အမေရိကန်ပျားရည် ထုတ်လုပ်သူများအသင်းရဲ့ ခေါင်းဆောင် ကယ်လ်ဗင် အက်ဒီ ကပြောပါတယ်။
MDN
ကိုးကား - AFP
