တန့်ယန်း ၆ ဇွန်
လယ်ယာမြေလုပ်ပိုင်ခွင့်ပြု(ပုံစံ-၇) လက်မှတ်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်ဦးက လယ်ယာမြေ ဥပဒေအကြောင်း၊ မြေလွတ်မြေရိုင်း ဥပဒေအကြောင်း၊ လယ်ယာမြေကို ရောင်းချခြင်း၊ ပြောင်းလဲခြင်း၊ ငှားရမ်းခြင်းအကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်များ အကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလင်းလင်းထွန်းက တောင်သူလယ်သမားများ၏ အကျိုးစီးပွားကာကွယ်ရေး အကြောင်းကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မိုင်းကောင်ကျေးရွာအုပ်စု၊ မိုင်းကောင်ကျေးရွာမှ လယ်ယာမြေ ၁၇၆ ဒသမ ဝ၂ ဧကမှ ဦးပိုင်ပေါင်း (၆၀)အတွက် ဒေသခံတောင်သူတစ်ဦးချင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)များပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


