နေပြည်တော် ၆ ဇွန်
တပ်မတော်နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့သည့် ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်သော စုံစမ်းစစ်ဆေး ရေးခုံရုံး(Court of Inquiry)အဖွဲ့သည် ဘူးသီး တောင်နယ်မြေအတွင်းရှိ ကွပ်ကဲမှုဌာနချုပ်တစ်ခုအပါအဝင် တပ်ရင်း/တပ်ဖွဲ့ သုံးခု၊ ရဲစခန်းသုံးခု၊ အကျဉ်းထောင်တစ်ခုနှင့် ကျေးရွာငါးရွာတို့ကိုသွားရောက်၍ စုံစမ်းစစ်ဆေးမှုများကို မတ် ၁၈ ရက် မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ဇွန် ၃ ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဥပဒေအကြံပေးအဖွဲ့၏ အကြံပြုချက်များကို ရယူဆောင်ရွက်ခဲ့ကြောင်းနှင့် စုံစမ်း စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


