ဆီဆိုင် ၇ ဇွန်    

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကို ဇွန် ၁ ရက် နံနက် ၉ နာရီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ်အဆင့်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံများလိုက်ပါ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် နားခိုက်ကျေးရွာအုပ်စုအတွင်းရှိ  Willian Sky Construction Co.,Ltd မှ တာဝန်ယူဆောင်ရွက်သည့် လပ်တိုင်-ပင်အွန်လမ်း (၂/ဝ)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း၊ H Double H ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် (၂၆x၁၀)ပေတံတားတစ်စင်းနှင့် Box Culvert တံတား(၂)စင်း ဆောက်လုပ်ခြင်း လုပ်ငန်း၊ PNNH Co.,LTD မှ တာဝန်ယူဆောင်ရွက်သည့် ဝမ်တီး-ပွန်ချောင်းလမ်း(၁/၆)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် လပ်တိုင်-နားခိုက်လမ်းပေါ်ရှိ (၂၄×၁၄) ပေ ကွန်ကရစ်တံတား(၃)စင်းဆောက်လုပ်ခြင်းလုပ်ငန်း၊ နားသံကျေးရွာအုပ်စု၊ ပချားကလို့ကျေးရွာတွင် ဟိန်းမြင့်ဝါကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်သည့် (၈၄×၂၃×၁၂)ပေသံကူကွန်ကရစ်(၄)ခန်းတွဲတစ်ထပ် ကျန်းမာရေးဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်း၊ ဟိုပုံးမြို့နယ်၊ နောင်စုံကျေးရွာမှ ဆီဆိုင်မြို့နယ် ပချားကလို့ကျေးရွာသို့ မြို့နယ်ချင်းဆက်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းတို့ကို အရည်အသွေးပြည့်မီခြင်း ရှိ/မရှိ၊ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)

 

DSC0