၇ ဇွန်
၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်မှာရှိတဲ့ SC Auto (Myanmar) Co., Ltd ရဲ့ မော်တော်ကားစက်ရုံဖွင့်ပွဲအခမ်းအနားမှာ Neustar အမှတ်တံဆိပ်ဘတ်စ်ကားသုံးစီးနဲ့ မြန်မာပြည်သူများကို မိတ်ဆက်ပေးခဲ့ပါပြီ။
SC Auto စက်ရုံဟာ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်ဖြင့် စင်ကာပူ နိုင်ငံမှ ရာခိုင်နှုန်းပြည့်ရင်းနှီးမြှုပ်နှံပြီး ခရီး သည်တင် မော်တော်ယာဉ်များ တပ်ဆင် ထုတ်လုပ်ရောင်းချခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေတဲ့ စက်ရုံဖြစ်ပါတယ်။
ဥရောပစံချိန်မီ မော်တော်ယာဉ်ထုတ်လုပ်
အဆိုပါဖွင့်ပွဲမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက နည်း ပညာမြင့်မားပြီး အရည်အသွေးရှိသော လုပ်ငန်းများ မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်ခြင်းကို ကြိုဆိုကြောင်း၊ ကော်မရှင်က မော်တော်ယာဉ်ထုတ်လုပ် ခြင်းလုပ်ငန်းများကို Semi Knocked-Down (SKD) စနစ်ဖြင့် ထုတ်လုပ်ခွင့်ပြုလျက်ရှိပြီး မကြာမီကာလ အတွင်း Complete Knocked- Down (CKD) စနစ်ဖြင့် ထုတ်လုပ်နိုင်ဖို့အားပေး ဆောင်ရွက်နေကြောင်း၊ ဒီလုပ်ငန်းတွေ ဖွံ့ ဖြိုး တိုးတက်မှ ပြည်တွင်း SMEs eJY Supported Industry များ ဖွံ့ ဖြိုးလာမှာဖြစ်ကြောင်း၊ ှ SC Autoစက်ရုံဟာ CKD စနစ်နဲ့ထုတ်လုပ်နေပြီး အထူးသဖြင့် အရည်အသွေးပြည့်ဝတဲ့ ဥရောပ SC Neustar အမှတ်တံဆိပ် မော်တော်ယာဉ်များ ထုတ်လုပ်နေပြီဆိုတာက မျက်ဝါးထင်ထင်တွေ့ မြင်ရလို့ ဝမ်းသာဂုဏ်ယူ မိပါကြောင်း၊ SC Auto စက်ရုံက ဘတ်စ်ကား တွေကို မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ Made in Myanmar အနေနဲ့ ပြည်တွင်းသာမက ပြည်ပသို့လည်း တင်ပို့ရောင်းချမယ့် ပထမဦးဆုံး ဘတ်စ်ကား ထုတ်လုပ်သူလည်းဖြစ်လို့ ကြိုဆိုအားပေးလျက်ရှိကြောင်း ပြောကြား သွားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ဥရောပစံချိန်မီ မော်တော်ယာဉ်များကို ပြည်တွင်းသာမက အာရှနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင် ရန် ရည်ရွယ်ထုတ်လုပ်လျက်ရှိသည့်အတွက် အထူးပင်ဝမ်းသာဂုဏ်ယူမိပါကြောင်း ပြောကြား သွားတာ တွေ့ရပါတယ်။ အဆိုပါအခမ်းအနားသို့ စင်ကာပူ သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms. Vanessa Chan လည်း တက်ရောက်ခဲ့ပြီး စက်ရုံမန်နေဂျင်းဒါရိုက်တာ Ms. Rachel Lee က စက်ရုံသမိုင်းကြောင်းနဲ့ ဆက်လက်ဆောင် ရွက်မယ့်အစီအစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။ စက်ရုံဖွင့်ပွဲသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများ၊ ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်း ရှင်များနှင့် မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ စုစုပေါင်း ၃၇၀ ခန့် တက်တက်ကြွကြွ အားပေးတက်ရောက်ခဲ့ကြတာကို တွေ့ မြင်ခဲ့ရပါတယ်။
SC Auto စက်ရုံရဲ့ ခရီးအစကတော့ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါ တယ်။ ကုန်ကြမ်းများနှင့် နည်းပညာကို အီးယူနိုင်ငံ များမှရယူပြီး လက်ရှိမှာတော့ ထုတ်လုပ်မှုပိုင်း ဆိုင်ရာ ဝန်ထမ်း ၈၀ ၊ ရုံးလုပ်ငန်းနှင့် Marketing ပိုင်းဆိုင်ရာဝန်ထမ်း ၂၀ စုစုပေါင်း ဝန်ထမ်း ၁၀ဝဲ့ လုပ်ငန်းစတင်လည်ပတ်ကာ ၂၀၁၉ ခုနှစ် မေလတွင် ဘတ်စ်ကားသုံးစီးကို ထုတ်လုပ်၍ စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။
အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်
စက်ရုံကို စင်ကာပူနိုင်ငံက မော်တော်ယာဉ် ထုတ်လုပ်ခြင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ စင်ကာပူ နိုင်ငံမှာ အနည်းဆုံးလုပ်သက် ၁၀ နှစ်နဲ့အထက် လုပ်ငန်းခွင်အတွေ့ ကြုံရှိခဲ့တဲ့ မြန်မာကျွမ်းကျင် အလုပ်သမားများကို ပြန်လည်ခေါ်ယူခန့်ထားပြီး လုပ်ငန်းကို စတင်ခဲ့တာဖြစ်ပါတယ်။ ရာထူး အဆင့်ဆင့်တွေမှာ မြန်မာဝန်ထမ်းများစွာ ပါဝင် လုပ်ကိုင်နေတာကိုတွေ့ရတဲ့အတွက် နည်းပညာ မြင့်မားတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီး ပေးနိုင်မှုကိုလည်း ဝမ်းသာကျေနပ်မိပါတယ်။
ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ကြည့်မယ် ဆိုရင်လည်း စင်ကာပူနိုင်ငံမှာရှိတဲ့ SC Auto(Singapore) စက်ရုံကဲ့သို့ပင် မြန်မာနိုင်ငံမှာ လာရောက်တပ်ဆင် ထုတ်လုပ်တာဖြစ်တယ်။ နောက်ဆုံးပေါ် နည်းပညာနဲ့ စက်ပစ္စည်းတွေ တပ်ဆင်တည်ဆောက်ထားတာဖြစ်ပြီး 2 D လေဆာ သုံး သံပြားပုံဖော်ဖြတ်တောက်ခြင်း၊ အော်တို မတ်တစ် ဝိုင်ယာကြိုးဖြတ်တောက်ခြင်းနဲ့ စစ်ဆေး ခြင်း၊ ဘတ်စ်ကားစမ်းသပ်ခြင်း၊ ကားဆေးမှုတ်ရုံ များ အပါအဝင် ယာဉ်အစိတ်အပိုင်း ထုတ်လုပ် ခြင်း လုပ်ငန်းတစ်ခုလုံးကို အဆင့်မြင့် Computer Program အသုံးပြုပြီး ဆောင်ရွက်နေတာတွေ့ရ ပါတယ်။ ထုတ်လုပ်ရာမှာအသုံးပြုတဲ့ သံချောင်း တွေကို Pensile Strength မြင့်မားတဲ့ Stainless Steel ကို ဖင်လန်နိုင်ငံက တင်သွင်း အသုံးပြုတာဖြစ်တဲ့အတွက် မော်တော်ကားတွေကို သက်တမ်းကြာရှည်စွာ သုံးစွဲနိုင်မှာဖြစ်ကြောင်း လည်း သိရှိရပါတယ်။ ဒါကြောင့် SC Auto မော်တော်ယာဉ်ထုတ်လုပ်ခြင်းကို ဥရောပစံချိန် စံညွှန်းနဲ့အညီ အသိအမှတ်ပြုလက်မှတ်များရရှိ ထားတဲ့အတွက် အရည်အသွေးနဲ့ ဘေးကင်းလုံခြုံ စိတ်ချရမှုမှာ အားသာချက်များစွာရှိတဲ့ စက်ရုံ တစ်ရုံဖြစ်ကြောင်း သုံးသပ်မိပါတယ်။
SC Auto ကဲ့သို့ တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများက မြန်မာနိုင်ငံကို လာပြီး စက်ရုံသစ်လာရောက်ဖွင့်လှစ်ခြင်းဖြင့် မြန်မာ ဝန်ထမ်းများ အလုပ်အကိုင် ပိုမိုရရှိစေခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ ပိုမိုတိုးပွားလာစေခြင်းတို့ အပြင် လာရောက်ရင်းနှီးမြှုပ်နှံတဲ့သူအတွက် လည်း လုပ်အားခ သက်သာစေခြင်း၊ နွေးထွေး သော ဆက်ဆံရေးရရှိခြင်း၊ အာဆီယံရင်းနှီးမြှုပ် နှံမှုသဘောတူညီချက်ရဲ့ အခွင့်အလမ်းကောင်းများ ရရှိစေခြင်း စတဲ့ နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးများ ရရှိစေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ရင်းနှီး မြှုပ်နှံမှုအခွင့်အရေးတွေ ရရှိနိုင်တာကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ခြင်းဟာ ဈေးကွက်ကို ထိုးဖောက်နိုင်မယ့် အားသာချက်များနဲ့အတူ နိုင်ငံတကာကိုတင်ပို့နိုင်ဖို့ ခြေလှမ်းသစ်တစ်ခု ဖြစ်ကြောင်း စက်ရုံမန်နေဂျင်းဒါရိုက်တာ Ms. Rachel Lee ရဲ့ ရှင်းလင်းတင်ပြချက်များက ဖော်ညွှန်းပြနေပါတယ်။
SC Auto စက်ရုံက မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ လမ်းအနေအထားများနဲ့ ကိုက်ညီတဲ့ ဘတ်စ်ကား တွေကို ပထမဦးဆုံးထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ ဝန်ထမ်းများ တိုးမြှင့်ခန့်ထား ပြီး 55 Seaters SC Auto Brand Bus/ Coaches အစီး၁၀ဝ အထိ တိုးမြှင့်ထုတ်လုပ်သွားဖို့ မျှော်မှန်းထားပါတယ်။ လက်တွေ့လုပ်ငန်း ဆောင်ရွက်ရာမှာ မြန်မာဝန်ထမ်းများရဲ့ လုပ်ငန်း ကျွမ်းကျင်မှု၊ အဆင့်မြင့်စက်ကိုင်တွယ်အသုံးပြု နိုင်မှုနဲ့ စိတ်အားထက်သန်မှုတွေကြောင့် နောင်လာ မယ့် လေးနှစ်တာအတွင်း ဝန်ထမ်းပေါင်း ၄၀ဝ ကျော်အထိ ခန့်အပ်ပြီး မော်တော်ကားများ တိုးချဲ့ထုတ်လုပ်မှာဖြစ်ကြောင်း၊ စက်ရုံရဲ့ အနာဂတ်မျှော်မှန်းချက်ကို သိရတဲ့အတွက် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ် ကြောင်း သုံးသပ်မိပါတယ်။
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်က တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ဖိတ်ခေါ်လျက်ရှိရာ နိုင်ငံ တကာမှ မော်တော်ကားထုတ်လုပ်မှုလုပ်ငန်း၌ လာရောက် မြှုပ်နှံကြရန်များစွာ စိတ်ဝင်စား လျက်ရှိတာကို တွေ့ရပါတယ်။ SC Auto ကဲ့သို့ အရည်အသွေးပြည့်ဝသည့် Quality Investment များ လာရောက်ခြင်းဖြင့် ပြည်တွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများနဲ့ ချိတ်ဆက်ပြီး မော်တော်ကားအစိတ်အပိုင်းများ တိုးမြှင့်ထုတ်လုပ်လာနိုင်မှာဖြစ်ပါတယ်။
ဘတ်စ်ကားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်
SC Auto စက်ရုံက ပြည်တွင်း၌ Supported Industry များ ပိုမိုဖွံ့ ဖြိုးလာ အောင် Complete Knocked-Down (CKD)စနစ်နဲ့ စတင်ထုတ်လုပ်နိုင်တဲ့ စက်ရုံ တစ်ရုံဖြစ်တဲ့အတွက် ကြိုဆိုအားပေးရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ပထမဆုံး အရည်အသွေးပြည့်ဝတဲ့ ဥရောပစံချိန်မီ SC Neustar အမှတ်တံဆိပ် မော်တော်ယာဉ် များကို ပြည်တွင်းမှာထုတ်လုပ်ပြီး အာရှနဲ့ဥရောပ နိုင်ငံများသို့ တင်ပို့မယ့်ထူးခြားတဲ့ လုပ်ငန်း လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ အဆင့်မြင့် ဘတ်စ်ကားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို သွင်းကုန်အစားထိုး ထုတ်လုပ်မှု လုပ်ငန်းလည်းဖြစ်တာကြောင့် မြန်မာနိုင်ငံ အတွက် ရေရှည်မှာ များစွာအကျိုးရှိတဲ့ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း တင်ပြရင်း မိတ်အင်မြန်မာ (Made in Myanmar) SC Neustar မော်တော်ယာဉ်များကို ကြိုဆိုလိုက် ရပါတယ်။
မောင်သစ္စာ(ရန်ကင်း)