ငပုတော   ၇    ဇွန်        

 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးအတွက် သစ်တောသစ်ပင်များကို ပြည်သူများ တန်ဖိုးထားတတ်စေရန်ရည်ရွယ်လျက် အသိပညာပေး ပိုစတာများကို ယနေ့နံနက်ပိုင်းက လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။

 

ယခုနှစ် မိုးရာသီတွင် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူများ စိုက်ပျိုးနိုင်ရန်နှင့် ပျိုးပင်များကို ပြည်သူများ လက်ဝယ်အရောက်အခမဲ့ဖြန့်ဝေပေးအပ်နိုင်ရေးအတွက် ပျိုးပင်ပေါင်း ၂၇၅၀ဝ အား ပျိုးထောင်ထားရှိပြီး စိုက်ပျိုးပြီး သစ်ပင်များအား ရှင်သန်ကြီးထွားစေရေးအတွက် ပြည်သူများသိရှိစေရန်အတွက်လည်း အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)