ရန်ကုန်    ၇   ဇွန် 

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းရိုင် ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် မိုးတွင်းအခါ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေမြောင်းဖော်ခြင်းလုပ်ငန်းကို မြို့နယ် စည်ပင်သာယာရေး အဖွဲ့က ယနေ့ နံနက် ၇ နာရီက စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

88888888888

 

အဆိုပါ လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပုဇွန်တောင်မြို့နယ်အတွင်း အဓိကလမ်းမကြီးဖြစ်သည့် မဟာဗန္ဓုလလမ်းမကြီး တစ်လျောက်ရှိ ရေမြောင်းများတွင် အမှိုက်များ ပိတ်ဆို့နေသည်ကို ရှင်းလင်းဖယ်ရှားခြင်း၊ ရေမြောင်းများ မတိမ်ကောစေရန် မြောင်းဖော်ပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

ထိုသို့ဆာင်ရွက်ရာတွင် ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မြတ်သူ မြို့နယ်စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်ရေးမှူး ဦစစ်မြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးမင်းဇော်နှင့်မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၂) ဦးညီညီအောင်တို့မှကြီးကြပ်ပြီး မြို့နယ်စည်ပင် ဝန်ထမ်းများကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုဘုန်း(ပြန်ဆက်)