၇ ဇွန် 

 

သေနတ်ပစ်ခတ်သံ ကြားရပြီးနောက် ရဲတပ်ဖွဲ့ က  နယူးဇီလန်နိုင်ငံ ခရစ်ချပ်ချ်မြို့ ၏ အရှေ့ဘက် ဆင်ခြေဖုံးရှိ လမ်းတစ်ခုကို  ပိတ်ဆို့ခဲ့သည် ဟု အကြောင်းကြားခဲ့သည်။

 

Avonside ၏ ဆင်ခြေဖုံးရှိ ပန်းခြံ ရှိရာ လမ်းပေါ်တွင် သေနတ်ပစ်ခတ်သည် ဆိုသည့် အကြောင်းကြားချက်ရရှိပြီးနောက် ယနေ့မနက်အစောပိုင်းက ယင်းနေရာသု့ ရဲတပ်ဖွဲ့ ရောက်ရှိခဲ့ကြောင်း  အကြီးတန်း တပ်ကြပ်ကြီး Paul Robertson က  ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။


ထိုပစ်ခတ်မှုတွင် ဒဏ်ရာရရှိသူများ မရှိကြောင်း ၊ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း Robertson က ထပ်လောင်းပြောကြားခဲ့သည်။


ခရစ်ချပ်ချ်မြို့ ဗလီ နှစ်ခုကို ပစ်ခတ်မှု ဖြစ်ပွားပြီး မတ်လ ၁၅ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည့် နယူးဇီလန် နိုင်ငံ၏ အသေအပျောက်အများဆုံး အကြမ်းဖက်တိုက်ခိုက်မှုတွင် ၅၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီးသည့်နောက်ပိုင်း တစ်နိုင်ငံလုံးအနှံ့ ရဲတပ်ဖွဲ့လုံခြုံရေးအင်အား ဖြည့်တင်းခဲ့သည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို