ဂျပန်နိုင်ငံသည် နှစ်နိုင်ငံငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုအပေါ် တိုးတက်မှုများ ဖြစ်စေရန်အတွက် မိမိတိုင်းပြည်၏ လုံခြုံရေးကို စိုးရိမ်ပူပန်သင့်ကြောင်း ရုရှားသမ္မတ ပူတင်က ထပ်လောင်းပြောဆိုခဲ့သည်။ 

 

ကြာသပတေးနေ့က စိန့်ပီတာဘတ်မြို့တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲ၏ ပြင်ပတွင် သတင်းအေဂျင်စီများမှ ကိုယ်စားလှယ်များကို ပူတင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 

mdn

 

အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့သည် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများသည် အဓိကအားဖြင့် ဆက်စပ်လျက်ရှိကြောင်း အဆိုပါ ကိစ္စအတွက် ရုရှားနိုင်ငံက စိုးရိမ်ပူပန်လျက်ရှိသည်ဟု ဆိုသည်။ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အမေရိကန်ပြည်ထောင်စု၏ အထောက်အပံ့ဖြင့် ကမ်းခြေဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်ရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

 

ဂျပန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ လုံခြုံရေးစာချုပ်ကို ပူတင်က ရည်ညွှန်းပြောဆိုခြင်းပဲဖြစ်သည်။ ဂျပန်နိုင်ငံသည် စာချုပ်အောက်တွင် လွတ်လပ်စွာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် လိုအပ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။ 

 

ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာ မှာ ပြုလုပ်မည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၏ ပြင်ပ ဇွန်လ ၂၉ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာအေးနှင့် တွေ့ဆုံမှုပြုလုပ်ရန် ပူတင်က စီစဉ်ထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်