ယခုလနှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲအပြီး တရုတ်နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများ အပေါ် အခွန်တိုးမြှင့် ကောက်ခံမှုကို ဆုံးဖြတ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။ 

 

ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၏ ပြင်ပတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီးလျင် အဆိုပါ ကိစ္စကို  ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ သတင်းထောက်များသို့ ကြာသပတေးနေ့က ထရန့်က ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

 

mdn

 

အဆိုပါ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲသည် ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာတွင် ဇွန်လ ၂၈မှ ၂၉ရက်အတွင်း ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ အမေရိကန်နှင့် တရုတ်ခေါင်းဆောင်များကြား အစည်းအဝေးကို တရားဝင် မသတ်မှတ်ရသေးပေ။ 

 

အမေရိကန်ဒေါ်လာ ၃၀ဝ ဘီလီယံတန်ကြေးရှိ တရုတ်ကုန်ပစ္စည်းများအပေါ် ၂၅ရာခိုင်နှုန်း အခွန်ကောက်ခံရန် ထရန့်အစိုးက ခြိမ်းခြောက်ခဲ့သည်။ 

 

တရုတ်နိုင်ငံဘက်မှ တင်ပို့သည့် ကုန်ပစ္စည်းအားလုံးကို အမေရိကန်ပြည်ထောင်စုက ကာလရှည်ကြာ ဒဏ်ခတ်ပိတ်ဆို့ထားမည်ဟု ဆိုသည်။

 

mdn

 

အမေရိကန်ပြည်ထောင်စု၏ ဖိအားပေးမှုကို ဂရုစိုက်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံက တနင်္ဂနွေနေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်