ကျိုင်းတုံ  ၇  ဇွန် 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ ဝပ်ဆောင်းအုပ်စု၊ လွယ်ခိုက်ကျေးရွာ၌ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း(OSS)များအား ယနေ့နံနက်(၉)နာရီအချိန်တွင် ကွင်ဆင်းဆောင်ရွက်ခဲ့သည်။

 

အဆိုပါ  ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း(OSS)များအား ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်ဦးဆောင်သော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် ဌာနဆိုင်ရာ(၂၆)ဌာနတို့မှ အိမ်ထောင်စုစာရင်းနှင့်ပတ်သက်သည့်လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ကျေးလက်လမ်းတံတား လုပ်ငန်းများနှင့် ဌာနဆိုင်ရာအလိုက်ဆောင်ရွက်လျက်ရှိသော ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN