ပုလော ၇ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ ဖော့ကျေးရွာ၌ (၂၄)နာရီ လျှပ်စစ်မီးရရှိ၍ ဒေသခံမိဘပြည်သူများ ပျော်ရွှင်လျက်ရှိကြောင်း တွေ့ရသည်။

 

22

 

ဖော့ကျေးရွာသည် အိမ်ခြေ (၁၄၈)၊ လူဦးရေ ( ၁ဝ၅၉) ဦးရှိ၍ ပုလောမြို့နယ်မှ (၆) မိုင်ခန့် ကွာဝေးသည်။ ယခင်နှစ်က မြေသားလမ်းဖြစ်ပြီး၊ လျှပ်စစ်မီးမရရှိခြင်းတို့ကြောင့် ကျေးရွာနေပြည်သူများ အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် ထုတ်ကုန်ပို့ဆောင်ရေးအတွက်များစွာ အခက်အခဲများနှင့် ရင်ဆိုင်နေရသော်လည်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ (၁၆၁) သန်းဖြင့် သစ်လှတော-ဖော့ ကျေးရွာချင်းဆက် (ဝ/၆)မိုင် ကွန်ကရစ်လမ်းကိုလည်းကောင်း၊ ကျပ်သန်း(၁၂၃.၅)ဖြင့် စပူပြင်-သစ်လှတောကျေးရွာရှိ ပြည်ထောင်စု လမ်းမကြီးမှ ဗို့စ်အား (၁၁၀ဝ၀) လိုင်းဖြင့် (၂) မိုင်၊ (၁၀ဝ) KVA ထရန်စဖော်မာ (၁) လုံးဖြင့် (၄၀ဝ)ဗို့ ဓာတ်အားလိုင်း (၁.၂)မိုင်ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပြီး၊ ယခင်က ဖော့ကျေးရွာသည် ယခုဖော့သူဌေးရွာ ဖြစ်နေပြီဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ ပီတိစကားသံကို ကြားသိခဲ့ရသည်။

 

4

 

(၂၄) နာရီ လျှပ်စစ်မီးစတင်အသုံးပြမည့် ဖော့ကျေးရွာမှ မိဘပြည်သူများ လျှပ်စစ်ပစ္စည်းကိုင်တွယ် သုံးစွဲရာတွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ဇွန်လ (၆) ရက်နေ့ ညနေ (၃) နာရီက ပုလောမြို့နယ် လျှပ်စစ်တာဝန်ခံ ဦးကိုကိုက အသိပညာပေးဟော ပြောခဲ့ပြီး၊  လျှပ်စစ်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

MDN