၇ ဇွန်

 

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Son La ပြည်နယ်တွင် ဒေသခံတစ်ဦးကို ဓါတ်ခွဲခန်းလုပ် မူးယစ်ဆေးပြား ၂၉၆၀ဝ ပြား သိမ်းယူကာ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံမီဒီယာက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

 

ရဲတပ်ဖွဲ့ က  Son La  ပြည်နယ် မှ အသက် ၃၅ နှစ်အရွယ်ရှိ  Mua A De မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ဖြန့်ဖြူးနေသည်ကို ယမန်နေ့က လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့ကြောင်း အွန်လိုင်းသတင်းစာ VietnamPlus က သတင်းဖော်ပြခဲ့သည်။

 

ဗီယက်နမ်ဥပဒေအရ ဘိန်းဖြူ  ၆၀ဝ ကျော်  ဂရမ် (သို့မဟုတ်) စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၅ ကီလိုဂရမ် ကျော် မှောင်ခိုတင်သွင်းခြင်းကို သေဒဏ် ပြစ်ဒဏ်ချမှတ်ထားကြောင်း သိရသည်။

 

မူးယစ်ဆေးဝါး ၁၀ဝ ဂရမ် (သို့မဟုတ်) အခြားသော တရားမဝင် မူးယစ်ဆေး ၃၀ဝ ဂရမ် ပြုလုပ်ခြင်း (သို့မဟုတ်) ရောင်းဝယ်ခြင်းကိုလည်း သေဒဏ်အဖြစ် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား - ဆင်ဟွာ            
ဘာသာပြန် - မြင့်မြင့်ချို