၇ ဇွန်
အနောက်နိုင်ငံတွေက အမှိုက်တွေကို တရုတ်နိုင်ငံက လက်မခံတော့တဲ့နောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံများ ကလည်း အလိုမရှိတော့တဲ့အတွက် အနောက်နိုင်ငံတွေဟာ ပလတ်စတစ် အမှိုက်ပစ်ဖို့ ခက်ခက်ခဲခဲဖြေရှင်း ရတော့မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ၂၀၁၈ ခုနှစ် ဇန်နဝါရီကစပြီး အနောက်နိုင်ငံက အမှိုက်တွေကို လက်မခံတော့နောက်ပိုင်းမှာ ပညာရှင်တွေက ရေရှည်မှာ အမှိုက်တွေကို ရီဆိုက်ကယ်လုပ်မယ့် နည်းလမ်း သို့မဟုတ် လျှော့သုံးတဲ့ နည်းလမ်းသာ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
ဘရပ်ဆဲအခြေစိုက် နိုင်ငံတကာ ရီဆိုက်ကယ်ရုံးရဲ့ အကြီးအကဲ အားနက် က တရုတ်နိုင်ငံနေရာ အစားထိုးဖို့ဆိုရာမှာ အမှိုက်ပမာဏ များလွန်းတာက ပြဿနာဖြစ်ပါတယ်။
တချို့နိုင်ငံတွေက ကမ္ဘာ့အမှိုက်ပုံဖြစ်လာနိုင်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေက အမှိုက်တွေကို လက်ခံပြီး အဲဒီအတွက် အခကြေးငွေရနိုင်မျိုးပေါ့။ ဒါပေမယ့် အဲဒီနိုင်ငံတွေမှာ သဘာဝပတ်ဝန်ကျင်နဲ့ လူမှုဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

အနောက်နိုင်ငံတွေမှာ ပလတ်စတစ်အမှိုက်တွေကို သူတို့နိုင်ငံတွင်းမှာ ရီဆိုက်ကယ်လုပ်ဖို့ အဖြေရှိပေမယ့် အဲဒီအတွက် ကုန်ကျငွေက များလွန်းတာကို တွေ့ရပါတယ်။ အနောက်နိုင်ငံတွေအတွက် အမှိုက်တွေက ပိုပြီးများလာတဲ့ အတွက် အမှိုက်တွေကို မီးရှို့ပစ်မလား မြှုပ်ပစ်လားဆိုတာထက်ပိုပြီး ရွေးချယ်စရာမရှိဘူး ဖြစ်နေပါတယ်။
အခုချိန်မှာ ဥရောပနိုင်ငံတွေမှာ အမှိုက်တွေကို ရီဆိုက်ကယ်လုပ်နိုင်နှုန်းက ၃၁ ရာခိုင်နှုန်းရှိပြီး အမေရိကန်နိုင်ငံမှာတော့ ၁၀ ရာခိုင်နှုန်းသာရှိနေပါတယ်။ ပလတ်စတစ်တွေ ထုတ်လုပ်နေတာကို ရပ်ပစ်ဖို့နဲ့ သုံးနေတာကို ရပ်ပစ်ဖို့သာ အကောင်းဆုံးဖြစ်တယ်။ ပစ္စည်းတွေကို ထုပ်ပိုးတာတွေကို လျှော့ချဖို့လိုနေပြီဖြစ်ပါတယ်။
MDN
ကိုးကား -AFP