ဆီဆိုင်    

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ  အတွင်းဖြေ၊ အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူစုစုပေါင်းဦးရေ ၁၂၀ဝ တွင် အောင်မြင်သူ (၂၃၄)ဦးရှိကာ ငါးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ စုစုပေါင်းဂုဏ်ထူးရှင် ၂၅ ဦး ထွက်ပေါ်လာပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၁၉ ဒဿမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

 

ခွန်ရဲထွေး(ဆီဆိုင်)

 

မြိတ် 

 

၂၀၁၉ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံးကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဇွန်လ(၈)ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အောင်ချက်ရာခိုင်နှုန်း (၃၇ ဒသမ ၅၄) ရာခိုင်နှုန်းရှိခဲ့ကာ ဘာသာစုံဂုဏ်ထူးရှင် (၁)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၂၁)ဦးနှင့် အခြားဘာသာရပ်အလိုက်ဂုဏ်ထူးထွက်ရှိသူ အများအပြားရှိခဲ့ကြောင်း မြိတ်မြို့နယ်ပညာရေးဌာနမှ သိရသည်။

 

မြိတ်မြို့တွင် အခြေခံပညာအထက်တန်းကျောင်း(၁၆)ကျောင်း၊ အထက(ခွဲ) (၆)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းနှင့် ပညာရေး(၁)တို့မှ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူ (၄၀၃၆)ဦးအနက် (၁၂၄၈)ဦး အောင်မြင်ခဲ့ကာ အလွတ်ဖြေကျောင်းသား (၂၇၁၄)ဦး ဝင်ရောက်ဖြေဆိုရာ (၁၂၈၆)ဦး အောင်မြင်ခဲ့သည်။

 

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မေးခွန်းပုံစံတစ်ချို့ အပြောင်းအလဲရှိခဲ့သော်လည်း မြိတ်မြို့နယ်တွင် ဘာသာစုံဂုဏ်ထူးထွက်ရှိသူ တစ်ဦးအပါအဝင် ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်ရှိသူ (၃၂၂)ဦးအထိ ရှိခဲ့ကာ အများဆုံးထွက်ရှိသည့် ဘာသာရပ်များမှာ သင်္ချာ (၇၆)ဦး၊ ဇီဝဗေဒတွင် (၁၀ဝ)ဦးနှင့် ဘောဂဗေဒတွင် (၁၈၅)ဦးအထိ ထွက်ရှိခဲ့ကြောင်း မြိတ်မြို့နယ်ပညာရေးဌာနမှ သိရသည်။

 

ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)

 

ကျောက်ထု 

 

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ ကျောက်ထုအထက စာစစ်ဌာနတွင် ဇွန် ၈ ရက် နံနက် ၆ နာရီမှ စတင်ကာ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာထားရာ အဆိုပါစာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားဦးရေ ၁၄၈၀ အနက် ၄၄၇ ဦး အောင်မြင်သဖြင့် ၃၀ ဒသမ ၂၀ ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။


 
မြို့နယ်ပြန်/ဆက်

 

ညောင်လေးပင်


ညောင်လေးပင်မြို့နယ် ပညာရေးမှူးရုံးနှင့် စာစစ်ဌာန ရှစ်နေရာတို့၌ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ပေးခဲ့သည်။ မြို့နယ်အတွင်း အထက-(၁၃)ကျောင်း၊ အထက(ခွဲ)-ခုနစ်ကျောင်း နှင့် ကိုယ်ပိုင်ကျောင်း-နှစ်ကျောင်း စုစုပေါင်း ၂၂ကျောင်းမှ ကျောင်သားကျောင်းသူ ၃၈၉၂ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား ၃၈၃ဦး၊ ကျောင်းသူ ၆၆၂ဦး စုစုပေါင်း ၁၀၄၅ဦး၊ ၂၆.၈၅ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ပြီး(၅)ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် သုံးဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၃၆ ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၂၁၃ ဦး ဂုဏ်ထူးရ ကျောင်းသားကျောင်းသူစုစုပေါင်း ၂၆၇ ဦး ရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံမှ သိရသည်။


နေလင်း(ညောင်လေးပင်)

 

တောင်ကြီး  

 

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင်လည်း  စာစစ်ဌာန အလိုက် အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာ ၂၀၁၉ ခုနှစ် မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၇၇၇၃ ဦးအနက် ၂၃၆၆ ဦး အောင်မြင်ခဲ့ပြီး၊ အောင်ချက်ရာခိုင်နှုန်း ၃၀.၄၄ ရှိကြောင်း သိရသည်။ 

 

စိုင်းသန်းကျော်(တောင်ကြီး)

 

ရွှေကျင် 

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင်လည်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာ မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၅၇၇)ဦးအနက် အောင်မြင်သူဦးရေ ၃၉၀ ရှိပြီး ၂၄.၇၃ ရာခိုင်နှုန်းအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ထွန်းထွန်းဇော်(ပြန်/ဆက်)