ဖောင်းပြင် ၈ ဇွန်
စာဖတ်သူဦးရေ များပြားလာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ စာရေးဆရာ ဦးဖေမြင့် ရေးသားသော "တန်ဖိုးထားအပ်သောအရာများ" စာအုပ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် "တန်ဖိုးထားအပ်သောအရာများ" စာအုပ်ဖြင့် ဖတ်ကြားဆွေးနွေးကြပြီး (Book Club)အသင်းမှ ဆရာဦးတင်အောင်ချစ်က သီလရှိရင် သိက္ခာရှိလာမည့်အကြောင်းနှင့် စာဖတ်ခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်းကို လည်းကောင်း၊ ဆရာဦးသိန်းဆွေ/သိန်းဆွေ(ဖောင်းပြင်)က "ပညာသည် တန်းဖိုးထားအပ်သောရာ" ကိုလည်းကောင်း၊ ဆရာဦးအောင်နိုင်ဦးက" အကယ်၍သေရမယ်ဆိုရင်တောင် အသေခံရဲလောက်တဲ့ တန်ဖိုးထားလောက်တာ ကိုယ့်မှာရှိပြီလား" စသည့်အကြောင်းအရာများဖြင့် လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်းမှ ဆရာတင်မင်းထွဋ်နှင့် ဆရာဦးဝင်းတင့်တို့က ကလေးငယ်များသည် အနာဂါတ်အတွက် အရေးကြီးဆုံးပုဂ္ဂိုလ်များဖြစ်၍ စာပေသည် ကလေးငယ်များအတွက် အရေးကြီးကြောင်းကို အသီးသီးဖြည့်စွက် ဆွေးနွေးကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များက ဆွေးနွေးမှုများအား စိတ်ဝင်တစား လာရောက်နားထောင်ကြကြောင်း သိရသည်။
ဖောင်းပြင် (ပြန်/ဆက်)