နေပြည်တော်  ၈  ဇွန် 
    

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တစ်ပြိုင်တည်းထုတ်ပြန်ခဲ့သည်။
    

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ အထက်တန်းကျောင်းများ၌ နံနက် အစောပိုင်းမှ စတင်၍ စာမေးပွဲအောင်စာရင်းကြည့်ရှုမည့်သူများ စုဝေးရောက်ရှိနေကြပြီး အောင်စာရင်းကပ်မည့် အချိန်အား စောင့်ဆိုင်းနေခဲ့ကြသည်။
    

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ဖြေဆိုသူပေါင်း (၂၄၈၂၈) ဦးရှိသည့်အနက် (၇၆၆၂) ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၃၀ ဒသမ ၈၆) ရာခိုင်နှုန်းရှိသည်။

 

1


    

ထို့ပြင် ဖြေဆိုအောင်မြင်သူများအနက် တစ်ဘာသာဂုဏ်ထူးရှင် (၆၉၅) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၄၉)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၆၃)ဦး၊ လေးဘာသာဂုဏ် ထူးရှင် (၄၃)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၂၈)ဦးနှင့် ခြောက်ဘာသာဂုဏ်ထူးရှင် (၂၂)ဦး စုစုပေါင်း ဂုဏ်ထူးရသူအရေအတွက် ၁၀ဝ၀ ဦးရှိခဲ့ကြောင်း သိရသည်။
    

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ (၂၂၃၈၉)ဦး မှ (၇၃၉၉)ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၃၃ ဒသမ ဝ၅) ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း (၃၀ ဒသမ ၈၆)ရာခိုင်နှုန်း ဖြစ်သဖြင့် အောင်ချက်ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။


သတင်းစဉ်

 

1