ရန်ကုန် ၈ ဇွန်
အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၂၀၁၉ တက္ကသိုလ်ဝင်တန်းကို အကျဉ်းသား/ သူ ၇၃ ဦး ဝင်ရောက်ဖြေဆိုပြီး ၅၂ ဦး အောင်မြင်ခဲ့သဖြင့် ၇၁ ဒသမ ၂၃ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။ သုံးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ ရိုးရိုး ၂၅ ဦး အောင်မြင်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်သော အကျဉ်းသားကျောင်းသား/ကျောင်းသူများနှင့်ဆရာ ဆရာမများအား ဇွန်လအတွင်း အခမ်းအနားဖြင့် ထိုက်တန်စွာ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မောင်စိန်လွင် (မြန်မာ့အလင်း)