ခန္တီး  ၉  ဇွန်

ခန္တီးမြို့တွင် ချင်းတွင်းမြစ်ကမ်းဘေး သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

2318

 

ထိုသို့ဆောင်ရွက်ရာတွင် ကင်းတော်ကူးတို့ဆိပ်၊ ကမ်းနားလမ်း၊ ချင်းတွင်းမြစ်ကမ်းဘေး တာပေါင်တစ်လျှောက်နှင့် မဉ္ဖူပန်းခြံထိ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

 

21388888

 

အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌက ဦးစီး၍ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

စနေမောင်(ခန္တီး)