မယ်စဲ့ ၉ ဇွန်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ခြင်အန္တရာယ်မှ ကင်းဝေးစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဇွန် ၈ ရက်က မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ခြင်ပေါက်ပွား နိုင်သည့် နေရာများကို ရှင်းလင်းခြင်း၊ ပိုးလောက်လန်းများရှိနိုင်သည့် ရေများအတွင်း ပိုးသတ်ဆေးခတ်ခြင်းနှင့် ခြင်ကျား ပိုးလောက်လန်း နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)