တီဟီရန် ၉ ဇွန် 

 


အီရန်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီဖြစ်သည့် ရေနံဓာတုလုပ်ငန်းကြီးကို ပစ်မှတ်ထားပြီး အမေရိကန်သမ္မတထရမ့် အစိုးရသည် အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်ကို ချမှတ်လိုက်ကြောင်း သိရသည်။ 

 


ပါရှန်ပင်လယ်ကွေ့ ရေနံဓာတု လုပ်ငန်းကြီးဖြစ်သည့် ပီချီပီအိုင်စီနှင့် ၎င်းလက်အောက်ခံလုပ်ငန်း ၃၉ ခုကို အမေရိကန်ဘဏ္ဍာရေးဌာနက ယမန်နေ့ က ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ် လိုက်ကြောင်း သိရသည်။

 


အီရန်နိုင်ငံ၏ တာလတ်ပစ်ဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်များကို တာဝန်ယူသည့် အီရန်စစ်ဘက် တစ်စိတ် တစ်ပိုင်းဖြစ်သည့် အီရန်နိုင်ငံ၏ တော် လှန်ရေး အစောင့်တပ်ဖွဲ့ (အိုင်အာဂျီစီ)ကို ပီချီပီအိုင်စီကုမ္ပဏီက အမေရိကန် ဒေါ်လာ ဘီလီယံချီ ထောက်ပံ့မှုများ လုပ်ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်ချမှတ် လိုက်ခြင်းဖြစ်ကြောင်း အမေရိကန်က ပြောသည်။

 


အိုင်အာဂျီစီကို အကြမ်းဖက်ဝါဒီ အဖြစ် အမေရိကန်က လွန်ခဲ့သည့်လက သတ်မှတ်ခဲ့သည်။ ထိုသို့ နိုင်ငံခြား အစိုးရ၏ တစ်စိတ်တစ်ပိုင်းအပေါ် ယခုလို အကြမ်းဖက်ဝါဒီအဖြစ် သတ်မှတ်ခြင်း သည် အမေရိကန်နိုင်ငံအတွက် ပထမဆုံး ဖြစ်ကြောင်း သိရသည်။

 


အိုင်အာဂျီစီအတွက် ထောက်ပံ့နေ သည့် ရေနံဓာတုကဏ္ဍဆိုင်ရာ ကုမ္ပဏီ များနှင့် အဖွဲ့အစည်းများအပြင် တခြား လုပ်ငန်းများကိုလည်း ဆက်လက် အရေး ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုဒဏ်ခတ်ပိတ်ဆို့မှုအသစ်က သတိ ပေးလိုက်ခြင်းဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မန် နျူချင်က ပြောသည်။ အိုင်အာဂျီစီအပေါ် ပစ္စည်းထောက်ပံ့မှုများ လုပ်ဆောင်နေသည့် မည်သည့်ကုမ္ပဏီမဆို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။ 


အေအက်ဖ်ပီ