မောင်တော ၉ ဇွန်
ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဖုံးလွှမ်းနိုင်ခြေရှိသည့် ရပ်ကွက်/ကျေးရွာများအတွင်းရှိ လမ်းများ၌ ရေမြောင်းများ၊ ဂုံးပေါက်များ ပိတ်ဆို့မှုမဖြစ်စေရေးနှင့် ရှင်းလင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဇော်ဦးလှိုင်ဦးစီး၍ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ကွင်းဆင်းလိုက်လံကြည့်ရှု ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

သက်လွင်စိုး(ပြန်/ဆက်)