မြောက်ဦး  ၉ ဇွန်

မိုးဦးရာသီတွင် အဖြစ်များတတ်သော သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပေါ်စေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ပိုးလောက်လန်းသေ အဘိတ်ဆေးများ ခပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြောက်ဦးမြို့ ထမ္မရာဇ်မြို့သစ်ရှိ ဌာနဆိုင်ရာ ရုံးလိုင်းခန်းများတွင် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

9322

 

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက ထမ္မရာဇ်မြို့သစ်ရပ်ကွက်၊ ဌာနဆိုင်ရာ လိုင်းခန်းနေအိမ်များရှိ ရေတွင်း၊ ရေကန်၊ ရေလှောင်ကန်များထဲသို့ အဘိတ်ဆေး ခပ်ပေးခြင်း၊ ရေအိုး၊ ရေကန်များတွင် ပိုးလောက်လန်းများ မကျရောက်စေရန် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းများနှင့် အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

7412

 

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

(ခရိုင် ပြန်/ဆက်)