နေပြည်တော် ၉  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်၊ အောင်သာကျေးရွာ၊ ရွာဦးကျောင်းဝင်းအတွင်းရှိ အောင်သုခဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

 

အဆိုပါဟောပြောပွဲတွင် အရာတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲလွင်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်စိုးနိုင်နှင့် အမှတ်(၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူး ရဲမှူး  အောင်လွင်တို့က မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေးအတွက် မိဘအုပ်ထိန်းသူ များ သိသင့်သိထိုက်သည့်အချက်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်း စည်းကမ်းလိုက်နာရမည့်အချက်များအား ဟောပြောခဲ့ရာ ကျေးရွာနေပြည်သူ (၁၀ဝ) ခန့် တက်ရောက်ခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။    

        

MDN