ပေကျင်း ၁၀ ဇွန်   

တရုတ်သမ္မတ ရှီကျင့်ဖျင်သည်   ဇွန်  ၁၂ ရက်မှ ၁၆ ရက်အထိ ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ကြေညာခဲ့သည်။

တက်ရောက်မည်

သမ္မတ ရှီကျင့်ဖျင်သည် ဘက်ရှ်ကတ်မြို့တော်၌ကျင်းပမည့် (၁၉) ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (SCO) နိုင်ငံ့အကြီးအကဲများကောင်စီ အစည်းအဝေး တက်ရောက်ရန်   ဇွန် ၁၂ ရက်မှ ၁၄ ရက်အထိ  ကာဂျစ္စတန်နိုင်ငံသို့  သွားရောက်မည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူ   လူကန်က   ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။ 

သမ္မတ ရှီကျင့်ဖျင်သည် ဇွန် ၁၄ ရက်မှ ၁၆ ရက်အထိ တာဂျစ်ကစ္စတန်နိုင်ငံဒူရှန်ဘေမြို့တော်၌ကျင်းပမည့်   အာရှတိုက်တွင်   အပြန်အလှန်  အကျိုးပြုမှုနှင့်  ယုံကြည်မှုတည်ဆောက်ရေးကိစ္စရပ်များဆိုင်ရာ ညီလာခံ   ငါးကြိမ်မြောက်   ထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်း လူကဆိုသည်။

သမ္မတ  ရှီကျင့်ဖျင်သည်  ကာဂျစ္စတန်သမ္မတ  ဆိုရွန်ဘေးဂျန်ဘီကော့ဗ်နှင့်  တာဂျစ်ကစ္စတန်သမ္မတ  အိုမိုမာလီရာမွန်တို့၏  ဖိတ်ကြားချက်အရ  ခရီးစဉ်များသွားရောက်ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-ကျော်ထိုက်စိုး