ပခုက္ကူ ၁၀ ဇွန်
ပခုက္ကူမြို့နယ် ကမ္မမြို့ ပြည်သူ့အားကစားကွင်းတွင် ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက် ၁၇ နှစ်အောက် ရပ်ကွက်ကျေးရွာအုပ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇွန် ၉ ရက် ညနေ ၃ နာရီကကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုက အမှာစကားပြောကြားပြီး ပခုက္ကူမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် သက်တမ်းအလိုက် ပြိုင်ပွဲများကျင်းပနေမှုနှင့် U17 ဘောလုံးပြိုင်ပွဲကျင်းပရသည့်ရည်ရွယ်ချက်များပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာဓိဋ္ဌာန်ရွတ်ဆိုခြင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် ဧည့်သည်တော်များမှ ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီးပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဘောလုံးကန်၍ ဖွင့်လှစ်ပေးကြောင်း သိရသည်။
ကိုဇော်(ဓာတု)