၁၀ ဇွန်
ကိုလံဘီယာနိုင်ငံ အရှေ့မြောက်ဘက်ဒေသတွင် စစ်တပ်ကင်းလှည့်စဉ် တိုက်ခိုက်မှု ဖြစ်ပွားကာ စစ်သားနှစ်ဦးထက်မနည်းသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘီယာ စစ်တပ်က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
သတင်းထုတ်ပြန်ချက်အရ ထိုတိုက်ခိုက်မှုမှာ ယမန်နေ့မနက်ပိုင်းက ဇာပါရီ ကျေးရွာတွင် စစ်တပ်ဖြတ်သန်းစဉ် ပေါက်ကွဲမှုအများအပြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်ရေးတပ်ဖွဲ့များက ဒဏ်ရာရ စစ်သားများကို အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထိုစစ်တပ်က ပြောကြားခဲ့သည်။
ကိုလံဘီယာ စစ်တပ်နှင့် ရဲတပ်ဖွဲ့သည် တိုက်ခိုက်မှုနောက်ကွယ်က ပါဝင်ပတ်သက်သူများကို ရှာဖွေနေကြောင်း ပြောက်ကျားအုပ်စု အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) အဖွဲ့ဝင်များလက်ချက် ဖြစ်ကြောင်း ပဏာမ သတင်းအချက်အလက်အရ သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို