၁၀ ဇွန်
အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်တို့၏ ယခင်အမာခံနယ်မြေဖြစ်သည့် ကန်ဒါဟာ ပြည်နယ်တောင်ပိုင်း ခါကရစ်ခရိုင်တွင် ယမန်နေ့က တာလီဘန် တိုက်ခိုက်ရေးသမားများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားရာ စစ်သွေးကြွ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယင်းပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Jamal Nasir Barikzai က ယနေ့ပြောကြားခဲ့သည်။
ခါကရစ်ခရိုင် ရှာဂီဒူရာဟိဒေသတွင် ယမန်နေ့ညပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နာရီ အနည်းငယ်ကြာမြင့်ခဲ့ကာ စစ်သွေးကြွ ၁၆ ဦးထက်ပိုမို ဒဏ်ရာရရှိခဲ့သည်ဟု ယင်းတာဝန်ရှိသူက ဆိုသည်။
သို့သော်လည်း လုံခြုံရေးတပ်ဖွဲ့ ထိခိုက်ဒဏ်ရာရသေဆုံးမှု ရှိမရှိကိုမူ Jamal Nasir Barikzai က ပြောကြားခြင်းမရှိခဲ့ပေ။
တာလီဘန်တို့ဘက်ကလည်း အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး မည်သည့်ပြောကြားချက်မျှ မရှိကြောင်း ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို