၁၀ ဇွန်

ဟောင်ကောင် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်း ပြင်ဆင်ခြင်းကို ကန့်ကွက်သည့် ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူအချို့ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း အာဏာပိုင်များက အကြမ်းဖက်နှိမ်နင်းခဲ့ကြောင်း သိရသည်။

 

h1

 

သံသယရှိသူများကို တရားရုံးတွင် အမှုရင်ဆိုင်ရန် တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းမည့် ဥပဒေမူကြမ်းကို ကန့်ကွက်ရန် ယမန်နေ့က လူပေါင်းတစ်သန်းကျော် ဆန္ဒပြခဲ့ကြသည်ဟု စီစဉ်သူများက ဆိုသည်။

 

h3

 

ဆန္ဒပြသူများ ရှစ်နာရီနီးပါး စုဝေးခဲ့ပြီးနောက် အကြမ်းဖက်မှုဖြစ်ပွားခဲ့ရာ ပါလီမန်အဆောက်အအုံအပြင်ဘက် သတ္တုအကာအရံများကို ဆန္ဒပြသူအချို့က လှဲလိုက်ကြောင်းနှင့် ဆန္ဒပြသူများက အထိုင်ဆန္ဒပြမှုလုပ်ဆောင်ရန် လမ်းမအလယ်တွင် ထိုသတ္တုအကာအရံများကို ပြန်လည်ထောင်မတ်ခဲ့ကြောင်း သိရသည်။

 

h4

 

ယနေ့မနက်ပိုင်းက ထိုဆန္ဒပြသည့်နယ်မြေကို အာဏာပိုင်များက ရှင်းလင်းရေးလုပ်ဆောင်ခဲ့သည်။

ဟောင်ကောင်၏ ဒုတိယအဆင့်မြင့်ဆုံးတာဝန်ရှိသူ Matthew Cheung က ယင်းအကြမ်းဖက်မှုသည် ဝမ်းနည်းဖွယ် ဖြစ်သည်ဟု ဆိုသည်။

အစိုးရက ဥပဒေမူကြမ်းကို ပြန်လည်ရုပ်သိမ်းခြင်းမပြုခဲ့လျှင် ပါလီမန်အဆောက်အအုံကို ဝိုင်းထားရန် ပြည်သူများကို ဒီမိုကရေစီ လိုလားသောအုပ်စုများဖြစ်သည့် ဆန္ဒပြသူအများအပြားက မေတ္တာရပ်ခံထားကြောင်း ဖော်ပြထားသည်။

ကိုးကား - အန်အိတ်ချ်ကေ            
ဘာသာပြန် - မြင့်မြင့်ချို