၁၀ ဇွန်
တရုတ်နိုင်ငံထုတ် ဟွာဝေးဖုန်းတွေမှာ Facebook App သုံးခွင့်ရှိတော့မည် မဟုတ်ကြောင်း၊ ဟွာဝေးဖုန်းနဲ့ Facebook လက်ရှိသုံးနေသူများမှာ ဆက်လက်ပြီး သုံးစွဲနိုင်မှာဖြစ်သလို နောက်ဆုံးနည်းပညာ အချက်အလက် တွေ ရရှိနေမှာဖြစ်ပေမယ့် ဟွာဝေးဖုန်းအသစ်မှာတော့ Facebook ၊ WhatsApp နဲ့ Instagram app တွေကို သုံးစွဲခွင့် မရှိတော့ဘူးလို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။
စမတ်ဖုန်းရောင်းချတဲ့ဆိုင်တွေမှာ ဟွာဝေးဖုန်းဟာ ဝယ်သူလက်ထဲမရောက်ခင်ကတည်းက လူကြိုက်များတဲ့ Facebook၊ twitter နဲ့ Booking.comကို သွင်းထားပြီးဖြစ်ပါတယ်။ Facebook ၊ WhatsApp နဲ့ Instagram app တွေဟာ ဟွာဝေးဖုန်းပေါ်မှာ ဆက်လက်သုံးစွဲနိုင်ခြင်း မရှိတော့ဘူးဖြစ်ပေမယ့် twitter နဲ့ Booking.com app ကတော့ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပါဘူး။
ဂူဂယ်ကလည်း ဟွာဝေးနဲ့ အဆက်အသွယ်ဖြတ်မယ်လို့ ပြီးခဲ့လက ပြောခဲ့ရာ ဟွာဝေးအနေနဲ့ အမေရိကန်ရဲ့ အဓိက app တွေကို ရရှိဖို့ခက်ခဲ သွားမှာဖြစ်ပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ မေလ ၁၅ ရက်နေ့ စတင်ခဲ့တာဖြစ်ပေမယ့် ဥပဒေ မသက်ရောက်မီ ရက် ၉၀အတွင်းမှာ ဟွာဝေးပစ္စည်းသုံးစွဲသူတွေအနေနဲ့ နောက်ဆုံးအချက်အလက်များ ထည့်သွင်းနိုင်မယ်လို့ သိရပါတယ်။
ဟွာဝေးကတော့ ဂူဂယ်အန်းထရိုက် စနစ်အစားထိုးမယ့် စနစ်ကို တီထွင်သွားမယ်လို့ပြောပေမယ့် တရုတ်ဈေးကွက်မဟုတ်တဲ့ ပြင်ပဈေးကွက်ရဲ့ အလိုကိုပါ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
MDN
ကိုးကား - AFP