ရန်ကုန် ၁၀ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ အင်းစိန်၊ သင်္ဃန်းကျွန်းနှင့် ထန်းတပင်မြို့နယ်များတွင် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ဇွန်လ ၈ ရက်နေ့ နံနက် ၈ နာရီအက အဆိုပါမြို့နယ်များတွင် တစ်ပြိုင်တည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ သစ်ပင်စိုက်ပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာ မြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် သစ်တောန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား ၁၆၀ဝ ကျော်က ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်၊ မန်ဂျန်ရှား၊ ယမနေ၊ သင်္ဘောတည် စသည့် ပျိုးပင်ပေါင်း ၅၈၅၀ ကို တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

လူအောင်(ကသာ)

 

mdn